မောင်တောမြို့ ၌ နေအိမ်သုံးလုံး မီးလောင်

Printer-friendly versionSend by email

မောင်တောမြို့ ၌ နေအိမ်သုံးလုံး မီးလောင်

မောင်တော မေ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မရပ်ကွက်၊ ဟိန္ဒူရွာ၌ မေ ၂၀ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့်နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ကြောင်း သိရသည်။ မီးလောင်ရာသို့ မောင်တောခရိုင် မီးသတ်ဉီးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်စင် ဦးစီး၍ ဒုတိယမီးသတ်ဦးစီးမှူး ဆန်းလှိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေယာဉ် တစ်စီးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြှိမ်းနိုင်ခဲ့သည်။

ဖြစ်စဉ်မှာ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာနေ ဒူကာဆာရီ ပန်းရန်လုပ်ကိုင်သူ၏ နေအိမ်မီးဖိုချောင်မှ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်၍ ဘေးကပ်လျက်ရှိ နေအိမ်နှစ်လုံးပါ မီးလောင်ခဲ့ခြင်းဖြစ်သည်။