ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့ မောင်တောဒေသသို့ ရောက်ရှိ

Printer-friendly versionSend by email

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့ မောင်တောဒေသသို့ ရောက်ရှိ

မောင်တော မေ ၂၀

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ UNHCR  မှ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့ သည် ဘူးသီးတောင်မြို့မှတစ်ဆင့် မောင်တောမြို့သို့ ညနေပိုင်းတွင်ရောက်ရှိကြသည်။

ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရနှင့် UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် MoU အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်းတိုးမြှင့်ရေး၊ ပြည်နယ်အစိုးရနှင့် UN အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကျင်းပပြုလုပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍အပြန်အလှန်ဆွေးနွေးကြသည်။ ယခုခရီးစဉ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့် အဖွဲ့၏ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။