ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

စစ်တွေ မေ ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံအမတ်ကြီး H. E. Ms. Andrea Faulkner နှင့် အဖွဲ့ အား ယနေ့ မွန်းလွဲ  ၂ နာရီက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဝန်ကြီးချုပ်၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ညနေ ၃ နာရီတွင် ဖွံ့ဖြိုးမြန်မာစွမ်းအား ဆောက်လုပ်ရေးနှင့် သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းဟန်မြင့် ဦးဆောင်သည့် မိတ်ဖက်ကုမ္ပဏီများမှ အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံသည်။