AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

Printer-friendly versionSend by email

AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူ ကျေးရွာတာဝန်ခံတစ်ဦးအား တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၁၇

တပ်မတော်စစ်ကြောင်းများအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများနှင့် ကျေးရွာများအတွင်း ပုံဖျက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးအတွက် သတင်းများရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာအတွင်း AA အဖွဲ့ဝင်များ အရပ်သားအသွင်ဖြင့် ပုံဖျက်စိမ့်ဝင်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်စစ်ကြောင်းများ လုံခြုံရေး လိုက်ပါလျက် မေ ၁၆ ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း။

ထိုသို့စစ်ဆေးစဉ် ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်သည် ၎င်း၏နေအိမ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓာတ်ပုံ ရိုက်ယူနေသည်ကိုတွေ့ရှိသဖြင့် ဖုန်းအားစစ်ဆေးခဲ့ရာ ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသည့် ဓာတ်ပုံ အထောက်အထားအချို့နှင့် နေအိမ်အတွင်းမှ ထုပ်ပိုးထားသော ထမင်းခြောက်အိတ်၊ ခေါက်ဆွဲခြောက်ဖာများ၊ ဓာတ်ဆားထုပ်များနှင့် အခြား စားသောက်ကုန်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူ ဦးသိန်းစိုးအောင်အား တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။