မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် မေ ၁၀

မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲ (ငါးခူရနယ်မြေရုံး) မှ ရဲမှူး ကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များက မေ ၉ ရက် နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၂)ပါ နှစ်စင်းဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Nhilla BOP ကင်းစခန်းမှ Nayeb Subedar MD.Salauddin ဦးဆောင်သည့် အဖွဲ့ဝင်များက စက်တပ်ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း စံပါယ်ပင်ရင်းချောင်း၀ထိပ် ရေမိုင်အမှတ်(၁၁)အနီးမှ ပြူးမချောင်း ချောင်း၀ထိပ် ရေမိုင်အမှတ် (၁၅) အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၂) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။