မောင်တောမြို့နယ်၌ စီးကရက် ၄၇ ဖာ၊ ဘီယာ ၁၄ ဖာနှင့် ငါးဖမ်းပိုက် ၄၆၀ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ စီးကရက် ၄၇ ဖာ၊ ဘီယာ ၁၄ ဖာနှင့် ငါးဖမ်းပိုက် ၄၆၀ သိမ်းဆည်းရမိ

နေပြည်တော် မေ ၈

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇီးပင်ချောင်းကမ်းနံဘေး၌ ယနေ့ နံနက်က စီးကရက်၊ ဘီယာ၊ ငါးဖမ်းပိုက်များ သိမ်းဆည်းရမိကြောင်း သိရသည်။

ဓည၀တီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မောင်တောမြို့နယ် ဇီးပင်ချောင်းကမ်းနံဘေး၌ Marble တံဆိပ်ပါ စီးကရက် ၄၄ ဖာ၊ Mansan တံဆိပ်ပါ စီးကရက်သုံးဖာ၊ Diablo တံဆိပ်ပါ ဘီယာ ၁၄ ဖာ၊ ငါးဖမ်းပိုက်ဆိုက်စုံ ၄၆၀ (စုစုပေါင်းတန်ဖိုး ၁၆၁၅၄၀၀၀ ကျပ်)အား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ကြိမ်ချောင်း နယ်မြေရဲစခန်း ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။