AA အဖွဲ့ နှင့် ပတ်သက်ဆက်နွှယ်နေသူများအား စစ်ဆေးဆောင်ရွက်၊ ပတ်သက်ဆက်နွှယ်မှုမရှိသူများအား ပြန်လည်စေလွှတ်

Printer-friendly versionSend by email

AA အဖွဲ့ နှင့် ပတ်သက်ဆက်နွှယ်နေသူများအား စစ်ဆေးဆောင်ရွက်၊ ပတ်သက်ဆက်နွှယ်မှုမရှိသူများအား ပြန်လည်စေလွှတ်

နေပြည်တော် မေ ၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသည့် မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင်ကျောင်းတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် မေ ၁ ရက်မှစ၍ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအနက် ၁၂၆ ဦးမှာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း စိစစ်သိရှိရသဖြင့် မေ ၂ ရက်တွင် မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်၍ ရပ်မိရပ်ဖများရှေ့မှောက်၌ ပြန်လည်စေလွှတ်ပေးခဲ့သည်။

လက်ရှိအချိန်၌ ခေတ္တထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိသည့် ၂၇၅ ဦးမှ ပြန်လည်စေလွှတ်ပြီးသူ ၁၂၆ ဦး၊ သေဆုံးသူ ခြောက်ဦး၊ ဆေးရုံတက်ရောက်လျက်ရှိသူ ရှစ်ဦး၊ ပျောက်ဆုံးသူ လေးဦးရှိပြီး ကျန်ရှိသူ ၁၃၁ ဦးအား ဥပဒေနှင့်အညီ အသေးစိတ်စစ်ဆေးမေးမြန်းမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။