တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ

Printer-friendly versionSend by email

တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ

နေပြည်တော် ဧပြီ ၁၀

မြောက်ဦးမြို့အနီး ရဲတပ်ရင်းဌာနချုပ်ကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်က AA အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် AA အဖွဲ့များ ခိုအောင်းနိုင်သောနေရာများနှင့် ပတ်ဝန်းကျင်နေရာများအား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးအာမခံချက်ရှိစေရန် ရှင်းလင်းဆောင်ရွက်စဉ် သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် လေးမြို့မြစ်၏ အရှေ့ဘက်ကမ်းတောတွင်း၌ AA အဖွဲ့၏ စခန်းနေရာတစ်ခုကို တွေ့ရှိရသဖြင့် အသေးစိတ်ရှာဖွေခဲ့ရာ သိုဝှက်ထားသော အဝတ်အစားနှင့် ရိက္ခာပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါပစ္စည်းများတွင် USAID အမှတ်တံဆိပ်ပါ စားနပ်ရိက္ခာထုပ်များ၊ WFP အမှတ်တံဆိပ်ပါ ဘီစကစ်၊ ဝေဖာ၊ နို့ ရိက္ခာထုပ်များ၊ အားကစားဝတ်စုံနှင့် ခြေအိတ်များ၊ ငါးခြောက်ထုပ်များ၊ ထမင်းခြောက်ထုပ် များ၊ ငရုတ်သီးကြော်ထုပ်များ၊ ဓာတ်ဆားထုပ်များ၊ သကြားထုပ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါ အဝတ်အစားနှင့် ရိက္ခာထုပ်များသည် စစ်ဘေးရှောင်စခန်းများအတွက် အလှူရှင်များက လှူဒါန်းထားသော ထောက်ပံ့ရေးပစ္စည်းများဖြစ်ပြီး မြောက်ဦးမြို့နယ်အတွင်း စစ်ရှောင်စခန်းများမရှိဘဲ AA အဖွဲ့က ယင်းထောက်ပံ့ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရရှိသုံးစွဲနေခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။