မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

နေပြည်တော် ဧပြီ ၈

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam ,ndc, psc နှင့်အဖွဲ့နှင့် ယနေ့မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ရဲချုပ်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ တရားမဝင်မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု တားဆီးကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက် အပြန်အလှန် ဖလှယ်ရေး၊ BLO ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ARSA အဖွဲ့နှင့် AA အဖွဲ့၏ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေသတင်းများ ရှင်းလင်းချပြဆွေးနွေးခဲ့ကြောင်း သိရသည်။