မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဧပြီ ၅

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ် (၀၀၂)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂) နယ်ခြားစောင့်တပ် Whykong Bop ကင်းစခန်းမှူး Naib Subedar Md. Enayet ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ် နှစ်စင်း၊ စုစုပေါင်းလေးစင်းတို့ဖြင့် ရေတွင်းပြင် ချောင်း၀အနီး နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင် (၁၅) မှ နတ်မြစ်ကြောင်းအတိုင်း သဲချောင်း ချောင်း၀ထိပ် ရေမိုင် (၁၈) သို့ ရောက်ရှိကာ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့် ဆောင်ရွက်ကြသည်။

ယင်းနောက် ရေယာဉ်အမှတ်(၀၀၂) ပေါ် ၌ နှစ်ဖက် ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။