မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် မတ် ၂၉

မောင်တောမြို့နယ် နယ်မြေ(၆) အမှတ်(၄)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ပြင်ဖြူနယ်မြေရုံးမှ ရဲမှူး မြင့်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ် ၂၈ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ်(၀၀၅)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Taknaf BOP ကင်းစခန်းမှ Subedar MD.Ebrihim ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်းလေးစင်းတို့ဖြင့် ကညင်ချောင်းချောင်း၀ထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်း၀အနီး ရေမိုင်အမှတ်(၈)ထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် နှစ်ဖက်ကင်းလှည့်အဖွဲ့များသည် ရေယာဉ်အမှတ် (၀၀၅)ပေါ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။