မောင်တောမြို့ ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့ ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၂၅

မောင်တောမြို့ ရွာသစ်ကေရပ်ကွက် အလယ်ကျေးရွာရှိ အူလာမျှာ၏ နေအိမ်မှ ကာလတန်ဖိုးငွေကျပ် ၁၉၄၆ ဒသမ ၁ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၇၀၅ ပြားကို မတ် ၂၄ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက မောင်တောမြို့ ရွာသစ်ကေရပ်ကွက် အလယ်ကျေးရွာနေ အူလာမျှာ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်လှေကားအောက်ရှိ အုတ်ခဲပုံအတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး ၉၇၇၀၅ ပြားအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ အဆိုပါပူးပေါင်းအဖွဲ့သည် ယင်းနေ့ည ၆ နာရီ ၁၅ မိနစ်က မောင်တောမြို့ ရွာသစ်ကေရပ်ကွက်နေ မာမတ်ဇာဘေရ်၏ လက်ဖက်ရည်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ လက်ဖက်ရည် ဖျော်စင်အနီး မီးဖိုအောက်၌ မြေကျင်းတူး၍ မြှုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။