မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော် သိမ်းဆည်းရမိ

နေပြည်တော် မတ် ၂၃

မောင်တောမြို့နယ် အငူမော်-မောင်တောသွား ကားလမ်းတွင် ယာဉ်တစ်စီးပေါ်မှ တန်ဖိုးငွေကျပ် ၃၄၉၀၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇ သိန်းကျော်ကို မတ် ၂၀ ရက် ညနေပိုင်းက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။      

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူပေါင်းအဖွဲ့သည် သတင်းအရ မတ် ၂၀ ရက် ညနေ ၄ နာရီခန့်က အငူမော် - မောင်တောသွားကားလမ်းတွင် အငူမော် ဘက်မှ မောင်တောဘက်သို့ ယာဉ်မောင်း အေးမင်းအောင် မောင်းနှင်လာသည့် Toyota Gaia ယာဉ်အား ရှာဖွေ စစ်ဆေးရာမှ WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၅၂၅၀ ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

သို့ဖြစ်၍ ယာဉ်မောင်း အေးမင်းအောင်အား အင်းဒင်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။