မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် မတ် ၂၂

မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ရွက်ညိုတောင်ရဲစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ် ၂၁ ရက် နံနက်ပိုင်းက ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၃)ပါ နှစ်စင်းနှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှ Subedar Abdur Razzak ဦးဆောင်သည့် အဖွဲ့ဝင်များက စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်း လေးစင်းတို့ဖြင့် မင်္ဂလာကြီးချောင်း၀ထိပ် နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျချောင်း၀ထိပ် ရေမိုင် အမှတ်(၁၁)အထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။