မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၉

မောင်တောမြို့နယ် နတ်မြစ်အတွင်း တပ်မတော်မှ မတ် ၁၈ ရက် နံနက်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် လှေတစ်စင်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်မှ မောင်တောမြို့နယ် နတ်မြစ်အတွင်း ယမန်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်က လှည့်ကင်းဆောင်ရွက်နေစဉ် ဇီးပင်ချောင်းအနီးတွင် အမျိုးသားသုံးဦးလှော်ခတ်နေသည့် လက်ခတ်လှေတစ်စင်းအား တွေ့ရှိ၍ စစ်ဆေးရန် ခေါ်ယူရာ နှစ်ဦးမှာ ထွက်ပြေးသွားပြီး အဘူဆီးဒီး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားကြောင်း သိရသည်။