မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် မတ် ၁၅

မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ငါးခူရနယ်မြေရုံးမှ ယာယီရဲမှူး ကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ်(၀၀၄)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Nhilla ကင်းစခန်းမှ Naib Subedar MD- Humayan Kabist ဦးဆောင်သည့်အဖွဲ့က စက်တပ်ရေယာဉ်နှစ်စင်း၊ စုစုပေါင်း လေးစင်းတို့ဖြင့် စံပယ်ပင်ရင်းချောင်း၀ထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် (၁၁)မှ ပြူးမချောင်းချောင်း၀အနီး ရေမိုင်အမှတ်(၁၅)အထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။