မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၇

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂) နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှ Subedar Md Nazrul Islam ဦးဆောင်သည့် အဖွဲ့က စက်တပ်ရေယာဉ် နှစ်စင်း စုစုပေါင်းလေးစင်းဖြင့် ဖေဖော်ဝါရီ၂၆ ရက် နံနက်ပိုင်းက ရေတွင်းပြင်ချောင်း၀အနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှသဲချောင်းချောင်း၀ထိပ် ရေမိုင်အမှတ်(၁၈)အထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီးရေယာဉ် အမှတ်(၀၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။