ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား

Printer-friendly versionSend by email

ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား

ကျောက်ဖြူ ဖေဖော်ဝါရီ ၂၆

ကျောက်ဖြူမြို့ အစိုးရရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ယနေ့ညပိုင်းက ပေါက်ကွဲမှု အသေးစားတစ်ခု ဖြစ်ပွားခဲ့သဖြင့် ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနောက်ဘက်ရှိ အမှိုက်များ၊ ချုံပုတ်များအား ဝန်ထမ်းများခုတ်ထွင်ရှင်းလင်းမီးရှို့စဉ် ညနေ ၅ နာရီမိနစ် ၂၀ ခန့်တွင် အမှိုက်ပုံထဲမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ မြေကြီးအတွင်း မြုပ်နေသော ဗုံးသီးဟောင်းသည် မီးအပူရှိန်ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။