မောင်တောမြို့ ၌ မူးယစ်ဆေးဝါးသုံးစွဲနေသူ နှစ်ဦးနှင့် အပေါင်းပါနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများ၊ ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တောမြို့ ၌ မူးယစ်ဆေးဝါးသုံးစွဲနေသူ နှစ်ဦးနှင့် အပေါင်းပါနှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများ၊ ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၆

မောင်တောမြို့ ၌ မူးယစ်ဆေးဝါးသုံးစွဲနေသူနှစ်ဦးနှင့် ၎င်းတို့၏အပေါင်းပါ နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြား၊ ငွေကျပ် ၂၄ သိန်းကျော်နှင့် လက်ကျန်ငွေကျပ် သိန်း ၅၀ ကျော်ရှိသည့် ဘဏ်စာအုပ်တစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

လုံခြုံရေး ပူးပေါင်းအဖွဲ့က

ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီခန့်တွင် မောင်တောမြို့ (၄) မိုင် ရပ်ကွက် မကျီးချောင်း၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရှာဖွေရာယာဉ်နောက်ခန်း၌ မူးယစ်ဆေးဝါးသုံးစွဲနေသော ပုဏ္ဏားကျွန်းမြို့နယ် စံပြရပ်ကွက်နေ မြင့်စိုး (ခ) ခိုင်ကျော်မင်း၊မောင်တောမြို့ (၆) မိုင် ရပ်ကွက်နေထွန်းထွန်းကျော် (ခ) အောင်ကျော်သိန်းတို့အားလည်းကောင်း၊ ယာဉ်အနီးတွင်၎င်းတို့နှင့်အတူပါလာသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဇော်ဆီတိနှင့်ကျန်သိန်းဝေတို့အား လည်းကောင်းတွေ့ရှိကာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၂၄သိန်း ၆ သောင်း၊ မြင့်စိုးအမည်ပါ ဘဏ်ငွေစုစာအုပ်တစ်အုပ် (လက်ကျန်ငွေကျပ် ၅၁ သိန်းကျော်) တို့အားသိမ်းဆည်းရမိကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများမှာ မောင်တောမြို့နယ်ဝေသာလီကျေးရွာနေ မောင်အဝင်းချေ၏ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့်မောင်အဝင်းချေ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ၎င်းမှာရှောင်တိမ်းနေပြီး မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း၊ တိမ်းရှောင်နေသူ မောင်အဝင်းချေနှင့် မြင့်စိုး (ခ) ခိုင်ကျော်မင်းတို့ အပါအဝင်လေးဦးအား အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း၊၎င်းတို့သည် မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲမှုများတွင် ဆက်စပ်လုပ်ကိုင်နေသူများဟု ယူဆရကြောင်း၊ ဖမ်းဆီးရမိ ထွန်းထွန်းကျော်(ခ) အောင်ကျော်သိန်းမှာ မောင်တောမြို့မရဲစခန်းမှ ကွင်းဆက်တရားခံပြေးတစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။