မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့် ထိပ်၀ပြင်ကျေးရွာအကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

Printer-friendly versionSend by email

မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့် ထိပ်၀ပြင်ကျေးရွာအကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား

မြောက်ဦး ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနှင့် ထိပ်၀ပြင်ကျေးရွာအကြား ရန်ကုန် - စစ်တွေအဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁/၁၂၈) နှင့် (၂/၁၂၈) ကြား မြောက်ဦးမြို့မှ မြောက်ဘက် မိုင် ၂၀ခန့်အကွာ လင်းမြွေတောင်အနားတွင် ယမန်နေ့နံနက် ၈နာရီ မိနစ် ၃၀ ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်း အနောက်ဘက်၌ ထောင်ထားသည့် မိုင်း နှစ်လုံးမှာ ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးနှင့် ကားလမ်းအရှေ့ဘက်၌ မပေါက်ကွဲသေးသည့် မိုင်း လေးလုံး စုစုပေါင်း မပေါက်ကွဲသေးသည့် မိုင်း ငါးလုံးအား တာဝန်ရှိသူများက ရှင်းလင်းမှု များ ဆောင်ရွက်လျက်ရှိသည်။ လမ်းကြောင်းတွင် ခရီးသည်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။