မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၁၅

မောင်တောမြို့နယ် နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရွက်ညိုတောင်ရဲကင်းစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး ရေယာဉ်အမှတ်(၀၀၃)ပါနှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှူး Subedar Nazruc Islam ဦးဆောင်သည့် အဖွဲ့သည် စက်တပ်ရေယာဉ်နှစ်စင်း၊ စုစုပေါင်းလေးစင်းတို့သည် မင်္ဂလာကြီးချောင်း၀ထိပ် နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျချောင်း၀ထိပ် ရေမိုင်အမှတ် (၁၁)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။