အေအေသောင်းကျန်းသူများက မူလတန်းကျောင်းသား၊ ကျောင်းသူများအပါအဝင် တိုင်းရင်းသား ၂၀၀ ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခေါ်ဆောင်သွား

Printer-friendly versionSend by email

အေအေသောင်းကျန်းသူများက မူလတန်းကျောင်းသား၊ ကျောင်းသူများအပါအဝင် တိုင်းရင်းသား ၂၀၀ ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခေါ်ဆောင်သွား

နေပြည်တော် ဖေဖော်ဝါရီ ၇

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်၊ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ကင်းတလင်းကျေးရွာနှင့်ခမောင်း၀ကျေးရွာတို့မှ မူလတန်း ကျောင်းသား ကျောင်းသူ ၃၈ ဦး အပါအဝင် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားစုစုပေါင်း ၂၀၀ ခန့်အား အေအေသောင်းကျန်းသူအဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

နိုင်ငံတော် အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူများအား အစဉ်တစိုက်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ယခုကဲ့သို့ တိုင်းရင်းသားများအား အေအေသောင်းကျန်းသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ခေါ်ဆောင်သွားခြင်းသည် ချစ်ခင်ရင်းနှီးမှုရှိသည့် အိမ်နီးချင်းနှစ်နိုင်ငံ အကြား နားလည်မှု လွဲမှားအောင် ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟုလည်း သိရှိရသည်။