ဘူးသီးတောင်၌ မသင်္ကာသူတစ်ဦးအား ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးတောင့်နှင့်အတူ ဖမ်းဆီးရမိ

Printer-friendly versionSend by email

ဘူးသီးတောင်၌ မသင်္ကာသူတစ်ဦးအား ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးတောင့်နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၄

လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၃ ရက်တွင် ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူတစ်ဦးအား ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၃ ရက်က နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေ ဖိုးခေါင်ချောင်းချောင်းစပ်အနီး မသင်္ကာသူ နှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ၎င်းတို့ လွယ်ထားသော လွယ်အိတ်ကို ပစ်ချ၍ ထွက်ပြေးသွားခဲ့ကြောင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ပြိုင်းတောင်ကျေးရွာ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာတွင် ရွက်ညိုတောင် အလယ်ရွာနေ မာမောက်ဇူဘိုင် (၂၄ နှစ်) ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ ပစ်ချခဲ့သည့် လွယ်အိတ်အတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ငါးတောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။