အမ်းမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

အမ်းမြို့နယ်၌ အထောက်အထားမဲ့ဝင်ရောက်လာသူများ ဖမ်းဆီးရမိ

အမ်း ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ် အမ်းမြို့ ၌ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းက အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၄ ဦး ဖမ်းဆီးရမိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းက အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ်သို့ အမ်း - မင်းဘူးကားလမ်းအတိုင်း ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသောအမျိုးသားနှစ်ဦးကို စစ်ဆေးရာအထောက်အထားမဲ့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အလားတူ ဇန်နဝါရီ ၂၄ ရက်က အမ်းမြို့နယ် ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ ဝင်ရောက်လာသူအမျိုးသား ကိုးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၁ ဦးကို လည်းကောင်း၊ ဇန်နဝါရီ၂၅ ရက်တွင် အထောက်အထားမဲ့ဝင်ရောက်လာသူ အမျိုးသမီးတစ်ဦးကိုလည်းကောင်း ဖမ်းဆီးရမိသဖြင့် အရေးယူနိုင်ရေးအတွက် မြို့နယ်လ၀ကသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။