မောင်တောမြို့နယ်၌ တရားမဝင် ဘီယာသံဘူးနှင့် အရက်ပုလင်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ တရားမဝင် ဘီယာသံဘူးနှင့် အရက်ပုလင်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၃၁

မောင်တောမြို့နယ် နယ်မြေ(၅) အထက်ပြူးမကျေးရွာ အနောက်ဘက်ရှိ အထက်ပြူးမချောင်းစပ်၌ ဇန်နဝါရီ ၃၀ ရက် ညနေ ၅ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် စက်လှေတစ်စင်းပေါ်နှင့် စက်လှေအနီး ကမ်းပေါ်တို့၌ ဆာလာအိတ် ၁၃ အိတ်ကိုတွေ့ရှိသဖြင့် စစ်ဆေးရာ Andaman Gold တံဆိပ်ပါ ဘီယာသံဘူး ၃၅၃ ဘူးနှင့် Diablo တံဆိပ်ပါ ဘီယာသံဘူး ၇၅၂ ဘူး စုစုပေါင်း ၁၁၀၅ ဘူး၊ Eagle တံဆိပ်ပါ အရက်ပုလင်း ၂၄ လုံး၊ တန်ဖိုးငွေကျပ် ၁၆၉၄၉၀၀ ခန့်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သောကြောင့် ငါးခူရနယ်မြေရဲစခန်းသို့အပ်နှံကာ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။