မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်းလှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်းလှည့်ကင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၉

မောင်တောမြို့နယ် နယ်မြေ(၇) ရှေ့တန်း အမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မကျီးချောင်းနယ်မြေရုံးမှ ဒုတိယရဲမှူး ကျော်သက်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၅)ပါနှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md. Najrul Islam ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့်လည်းကောင်း စုစုပေါင်းလေးစင်းတို့သည် ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မကျီးချောင်း ချောင်း၀ထိပ် နတ်မြစ် မြစ်လယ်ရှိနှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် (၂) မှ အောင်ဗလချောင်း၀ထိပ် ရေမိုင်အမှတ်(၅)အထိ နတ်မြစ်ကြောင်းအတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့်အဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။