စစ်တွေမြို့၌ မီးလောင်မှုဖြစ်ပွား

Printer-friendly versionSend by email

စစ်တွေမြို့၌ မီးလောင်မှုဖြစ်ပွား

စစ်တွေ ဇန်နဝါရီ ၁၀

စစ်တွေမြို့ ပြည်တော်သာရပ်ကွက် မေယုလမ်းရှိ ပြည်နယ်တရားရုံးခြံဝင်းအတွင်း ဇန်နဝါရီ ၉ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်တွေခရိုင် မီးသတ်ဦးစီးမှူးဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ရာ ည ၁၁ နာရီ ၅၈ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် ပြည်နယ်တရားရုံးဝင်းအတွင်း သက်သေခံသိမ်းဆည်းထားသော ဆိုင်ကယ် ၄၆ စီးနှင့် ဆိုက်ကားတစ်စီးတို့ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။ အဆိုပါမီးလောင်မှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။