မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၀

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းရဲကင်းစခန်းမှူး ရဲအုပ်ကြည်စိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ်(၀၀၄)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှူး Subedar Shaik Abdul Jalil ဦးဆောင်သည့် ၁၂ ဦးသည် စက်တပ်ရေယာဉ် နှစ်စင်း၊ စုစုပေါင်း လေးစင်းတို့သည် ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီက ရေတွင်းပြင်ချောင်း၀အနီး နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၅)မှ သဲချောင်းချောင်း၀ထိပ် ရေမိုင်အမှတ်(၁၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ် (၀၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။