ဘူးသီးတောင်မြို့နယ်၌ ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

Printer-friendly versionSend by email

ဘူးသီးတောင်မြို့နယ်၌ ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ဇန်နဝါရီ ၉

ဘူးသီးတောင်မြို့နယ် အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့ခွဲမှူးရုံးခန်း၌ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ဝင်းသိန်းက ကျဆုံး ရဲတပ်ဖွဲ့ဝင် ၁၃ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၁၉ သိန်းအား ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည်။

ထိုသို့ပေးအပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက ပေးအပ်သော ငွေကျပ် ၃၉ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပေးအပ်သော ငွေကျပ် ၆၅ သိန်း ၊ နယ်စပ်ခြံစည်းရိုးလုပ်ငန်းက ပေးအပ်သော ငွေကျပ် ၁၅ သိန်း စုစုပေါင်း ငွေကျပ် ၁၁၉သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျဆုံး ရဲမှူး စိုင်းဘိုဟန်၏ အစ်ကို ဦးအောင်အေးကြူနှင့် ကိုယ်စားလှယ်များက လက်ခံခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင်များအတွက် သက်ဆိုင်ရာမိသားစုများထံ မောင်တောမြို့ ကမ္ဘောဇဘဏ်မှတစ်ဆင့် လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။