ဘူးသီးတောင်မြို့နယ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Printer-friendly versionSend by email

ဘူးသီးတောင်မြို့နယ်၌ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မောင်တော ဇန်နဝါရီ ၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပန်းဘဲချောင်းကျေးရွာအနီး တောင်ဘဇာပန်ဇီသွားကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီက လက်လုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါသူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာနေ မမေသန်းနုသည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု ဂန္ဓရူး(ခမီး)ရွာရှိ ဆွေမျိုးများထံသို့ အလည်အပတ် သွားရောက်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးထွန်းလေး၏ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တောင်ဘဇာ-ပန်ဇီသွားကားလမ်းတွင်လက်လုပ်မိုင်း နင်းမိပေါက်ကွဲသဖြင့် မမေသန်းနုတွင် ဝဲဘက်ခြေသလုံးကြွက်သား အလျား ငါးလက်မ၊ အကျယ် နှစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ မမေသန်းနုသည် ဘူးသီးတောင်မြို့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။