ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာစာသင်ကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

Printer-friendly versionSend by email

ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာစာသင်ကျောင်းသို့ ရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရသေ့တောင် ဇန်နဝါရီ ၆

ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာ စာသင်ကျောင်းသို့ ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာ၊ စပါးထားကျေးရွာ၊ ကံပြင်ကျေးရွာတို့မှ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား ယနေ့ နံနက် ၁၁ နာရီတွင် အလိုတော်ပြည့်ဆရာတော်ကြီးက ကြီးမှူးပြီး ရသေ့တောင်နွယ်ဖွား ရန်ကုန်ရောက် ကျောင်းထိုင်ဆရာတော်များက လှူဒါန်းသည့် ပစ္စည်းများကို လှူဒါန်းရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့်အဖွဲ့၊ ရသေ့တောင်မြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့များက စစ်ဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားကာ ဆင်ခုန်းတိုင်ကျေးရွာစာသင်ကျောင်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၈၇ ဦးတို့အား ဆန်၊တာလပတ်၊ ပလတ်စတစ်ဘူး၊ ဒယ်အိုး၊ ရေခွက်၊ ဇွန်း၊ ခြင်ထောင်၊ စောင်၊ စတီးလင်ပန်း၊ စတီးဇလုံ၊ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် အောက်ကျောင်းတောင် လူငယ်ပရဟိတ အသင်းနှင့် မေယုရင်ငွိ လူမှုကူညီရေး အသင်းတို့မှလည်း ဆန်၊ ငါးခြောက်၊ မုန်လာဥ၊ ဆီတို့ကို လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးအောင်တို့က စစ်ဘေးရှောင်ပြည်သူများအား အသိပညာပေး ဗဟုသုတများ ပြောကြားကာ ကလေးများအား ပုံပြင်များ ပြောကြားပြီး စာအုပ်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။