လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ မြန်မာနိုင်ငံသို့ ရောက်ရှိ

Printer-friendly versionSend by email

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ကုလသမဂ္ဂCEDAW ကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအဖွဲ့ဝင်ဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုသည် ယနေ့ ညနေ၅ နာရီ ၅၅ မိနစ်က လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဖြစ်သူ လူသားချင်း စာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးဟောင်း ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမားသည် ယနေ့ ညနေ ၄နာရီခွဲ က လည်းကောင်း မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။