မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဒီဇင်ဘာ ၇

မောင်တောမြို့နယ် နယ်မြေ(၃)အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲမှူး ငွေစိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Tumbru  ကင်းစခန်းမှ ဒု-စခန်းမှူး Naib Subedar Md. Mojibur Rahman ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၁၀ မိနစ်မှ ၁၁ နာရီ မိနစ် ၄၀ အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၃၄)မှ (၃၆)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့သည်။

အလားတူ ယင်းနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်မှ ၁၁ နာရီအထိ မောင်တောမြို့နယ် နယ်မြေ(၆) အမှတ်(၄)နယ်ခြားစောင့် ပြင်ဖြူနယ်မြေရုံးမှ ယာယီရဲမှူးမြင့်ဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် (၀၀၅)ပါ နှစ်စင်းနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ် Tekanf ကင်းစခန်းမှူး Subedar Md. Ibrahim Hossain ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်း လေးစင်းတို့သည် ကညင်ချောင်း ချောင်း၀အနီး နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)မှ မင်္ဂလာကြီးချောင်း၀အနီး ရေမိုင်အမှတ်(၈)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်ဖက်ညှိနှိုင်းရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၅) ပေါ်တွင် ကင်းလှည့်သည့်အဖွဲ့များ နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။