ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူက ခန့်အပ်လွှာပေးအပ်

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူက ခန့်အပ်လွှာပေးအပ်

နေပြည်တော် နိုဝင်ဘာ ၁၉

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ United Nations High Commissioner for Refugees (UNHCR) ဌာနေကိုယ်စားလှယ်အဖြစ်ခန့်အပ်ခြင်းခံရသူ Mr. Johan Cels ကို ယနေ့နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် Mr. Johan Cels အား ၎င်း၏ခန့်အပ်လွှာကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။

ခန့်အပ်လွှာပေးအပ်ပြီးနောက် တွေ့ဆုံဆွေးနွေးကြရာမြန်မာနိုင်ငံနှင့် UNHCR တို့အကြား ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံအစိုးရ၊ UNDPနှင့် UNHCR တို့အကြား ၆-၆-၂၀၁၈ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်မှု အရှိန်အဟုန်မြှင့်တင်ရေး၊ နားလည်မှုစာချွန်လွှာအား အကောင်အထည်ဖော်ရာတွင် ကွင်းဆင်းလေ့လာ မှုများနှင့် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများကို အကျိုးပြုစေမည့် လုပ်ငန်းစီမံချက်များကို တစ်ပြိုင်နက်တည်းဆောင်ရွက်သွားရေး၊ UNHCR မဟာမင်းကြီး Mr. Filippo Grandi  မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးစဉ်ကိစ္စ၊ နေရပ်စွန့်ခွာသူများဆန္ဒအလျောက် လုံခြုံစွာနေရပ်ပြန်လာရေးအတွက် မြန်မာနိုင်ငံအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအောင်မြင်ရေးအတွက် UNHCR မှ အကူအညီပေးနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။