စစ်တွေမြို့နယ်၌ ငွေကျပ် သန်း ၁၈၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

စစ်တွေမြို့နယ်၌ ငွေကျပ် သန်း ၁ ၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာရှိ ကမ်းထိုးဇက်ရေယာဉ်ပေါ်သို့ တင်ဆောင်ထားသည့် မော်တော်ယာဉ်ပေါ်၌ ယနေ့နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးပြား၆၂၀၀၀၀ (တန်ဖိုးငွေကျပ် သန်း ၁၈၆၀) သိမ်းဆည်းရမိကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရေချမ်းပြင်စခန်းမှ ရဲအုပ်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ စစ်တွေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးခင်မောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ စစ်တွေမြို့မှ အငူမော်သို့ထွက်ခွာမည့် ကမ်းထိုးဇက်ရေယာဉ်ပေါ်သို့ တင်ဆောင်လာပြီးမောင်တောမြို့ ရပ်ကွက်(၃)နေ ကျော်နိုင် မောင်းနှင်လာသောယာဉ်အားရှာဖွေရာ ကား၏နောက်ခန်း ပစ္စည်းထားသော အန်ဘောက်အောက်အတွင်းမှ R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား ပါကင်ထုပ်တစ်ထုပ်လျှင် ၁၀၀၀၀ ပါ၆၂ ထုပ် စုစုပေါင်းဆေးပြား ၆၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျော်နိုင်အား စစ်တွေမြို့မရဲစခန်းကအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။