ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

Printer-friendly versionSend by email

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့် ချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၁၉

မောင်တောမြို့နယ် တောင်ပြို(ဝဲ)မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ရင်းမှူးအဆင့်ချစ်ကြည်ရေးတွေ့ဆုံဆွေးနွေးပွဲ ကို နိုဝင်ဘာ ၁၈ ရက်နံနက် ၁၁ နာရီ ၁၀ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုရဲမှူးကြီး ကျော်ဝင်းလှိုင် ဦးစီးသည့်တပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၃၄) နယ်ခြားစောင့်တပ်ရင်းမှူး မောန်ဇူရုပ်ဟာဆာန်ခါန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။