ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအား တွေ့ဆုံသတင်းရယူ

Printer-friendly versionSend by email

ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့ နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအား တွေ့ဆုံသတင်းရယူ

မောင်တော အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့တွင်တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းနှင့်နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတွင် နေထိုင်သူများအား သွားရောက်တွေ့ဆုံ သတင်းရယူကြသည်။

ရှေးဦးစွာ သတင်းမီဒီယာအဖွဲ့သည်တောင်ပြိုလက်ဝဲမြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှုသတင်းရယူကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည်တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းသို့ရောက်ရှိကြရာ စခန်းတာဝန်ရှိသူများကပြန်လည်စိစစ်လက်ခံရေးအတွက် လုပ်ငန်းစဉ်များ အဆင့်ဆင့်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စခန်းအတွင်း အသင့်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများကသိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မြန်မာဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးတွင် နေထိုင်ကြသူများအား တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်းသတင်းရယူကြသည်။

ညနေပိုင်းတွင် သတင်းမီဒီယာအဖွဲ့သည်မောင်တောမြို့မှ စစ်တွေမြို့သို့ ရောက်ရှိပြီး လေကြောင်းခရီးဖြင့်ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြသည်။

သတင်းမီဒီယာအဖွဲ့တွင် Yomiuri Shimbun၊MIR၊ Mizzima Weekly၊ Channel 4 News၊ SwissTV၊ MRTV၊ MITV၊ MNAတို့မှ သတင်းမီဒီယာသမားများ ပါဝင်ကြကြောင်း သိရသည်။