မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၇

မောင်တောမြို့နယ် နယ်မြေ(၁) အောင်သပြေနယ်မြေရုံးကွပ်ကဲမှုအောက်မှတ်တိုင် ၅၀ ရဲကင်းစခန်းမှ ဒုရဲအုပ် အောင်ကျော်စိုး ဦးစီးတပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Lembuchari  ကင်းစခန်းမှ Naib Subedar Habebun Rahman  ဦးစီးတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ် မှ ၁၁ နာရီ ၅၅ မိနစ်အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၅၀မှ ၅၁ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။