ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ မြေပြင်ကွင်းဆင်း သတင်းရယူ

Printer-friendly versionSend by email

ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာအဖွဲ့ မောင်တောဒေသသို့ မြေပြင်ကွင်းဆင်း သတင်းရယူ

မောင်တော အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသည့် ပြည်တွင်း၊ပြည်ပသတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည်ယနေ့နံနက်ပိုင်းတွင် မောင်တောဒေသသို့ သွားရောက်၍မြေပြင်ကွင်းဆင်း သတင်းရယူကြသည်။

ရှေးဦးစွာ သတင်းမီဒီယာအဖွဲ့သည် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က မောင်တောဒေသအတွင်းလတ်တလောဆောင်ရွက်နေသော အခြေအနေများ၊UEHRD လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နေရပ်စွန့်ခွာသူများအား စိစစ်လက်ခံနိုင်ရေးအတွက်ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီကြားစခန်းတို့ကိုဖွင့်လှစ်ထားရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့များ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် ပန်းတောပြင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံ ဦးအဏ္ဏဝါနှင့်တွေ့ဆုံကာ ကျေးရွာအတွင်းနေထိုင်သူများ၏ လက်ရှိနေထိုင်စားသောက်မှုအခြေအနေ၊ ပညာရေးနှင့် ကျန်းမာရေးအခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။

ယင်းနောက် သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့မြို့မတောင်ရပ်ကွက်သို့ သွားရောက်၍ ၂၀၁၈ ခုနှစ်စက်တင်ဘာ ၄ ရက်က ပြန်လည်ဝင်ရောက်လာသည့်အစ္စလာမ်ဘာသာဝင်မိသားစုနှင့် တွေ့ဆုံပြီး သိရှိလိုသည်များကို မေးမြန်းသတင်း ရယူကြသည်။