ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ စစ်တွေမြို့ရှိ သက္ကေပြင်ကယ်ဆယ်ရေးစခန်း၌ သတင်းရယူ

Printer-friendly versionSend by email

ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့ စစ်တွေမြို့ရှိ သက္ကေပြင်ကယ်ဆယ်ရေးစခန်း၌ သတင်းရယူ

စစ်တွေ အောက်တိုဘာ ၂၆

ပြည်တွင်းပြည်ပ သတင်းမီဒီယာများပါဝင်သော သတင်းအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် စစ်တွေမြို့ရှိ သက္ကေပြင် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းအတွင်းနေထိုင်ကြသူများနှင့် တွေ့ဆုံကာ ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များ၊ ၎င်းတို့၏ လတ်တလောနေထိုင်စားသောက်မှု၊ ပညာရေးနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းသတင်းရယူကြသည်။

သက္ကေပြင်ကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်မှ စတင်တည်ရှိခဲ့ပြီး လက်ရှိတွင် အိမ်ထောင်စု ၁၀၀၀ ကျော်၊လူဦးရေ ၆၀၀၀ ခန့်ရှိကြောင်း သိရသည်။

သတင်းမီဒီယာအဖွဲ့တွင် Yomiuri Shimbun၊MIR၊ Mizzima Weekly၊ Channel 4 News၊ SwissTV၊ MRTV၊ MITV၊ MNAတို့မှ သတင်းမီဒီယာသမားများ လိုက်ပါခဲ့ကြသည်။