မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့် ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့် ကင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၉

မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးကွပ်ကဲမှုအောက်မှတ်တိုင် ၄၈ ကင်းစခန်းမှ ဒုတိယရဲမှူးမြင့်မောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)BGB တပ်ရင်းBhalukhaiya  ကင်းစခန်းမှ Subedar Md.Abu Hanif ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီ မိနစ် ၄၀ မှ မွန်းတည့် ၁၂ နာရီအထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၈ မှ ၄၉ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီမိနစ် ၄၀ က မောင်တောမြို့ နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းကင်းစခန်းမှ ရဲအုပ်ကြည်စိုးဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် ၀၀၂ ပါ နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Shaik Adul Jalil ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း ရေတွင်းပြင်ချောင်း၀အနီး နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ် ၁၅ ၌ တွေ့ဆုံပြီးရေယာဉ်လေးစင်းဖြင့် နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ရာ သဲချောင်းချောင်း၀အနီး ရေမိုင်အမှတ် ၁၈ သို့ နံနက်၁၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး ရေယာဉ်အမှတ်(၀၀၂)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။