မောင်တောမြို့နယ်၌ အမျိုးသား သုံးဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀၀ နှင့်အတူ ဖမ်းဆီးရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ အမျိုးသား သုံးဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀၀ နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်က လှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံဘက်ခြမ်း ဦးစောလှကျွန်းမြောက်ဘက်အနီး၌ သစ်သားလက်ခတ်လှေတစ်စင်းကို တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာနေ ရော်ရှီးတာမောက် (ဖ)အိုလီယာမောက်ပါ အမျိုးသား သုံးဦးအား WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ငါးခူရနယ်မြေရဲစခန်း က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ယင်းမူးယစ်ဆေးဝါးများကိုတစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။