မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၁

မောင်တောမြို့နယ် နယ်မြေ(၃)တောင်ပြို(ယာ)နယ်မြေ ရဲစခန်းမှ ရဲအုပ်မြတ်ဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Baishfari ကင်းစခန်းမှ Naib Subedar Md. Rafiqul Islamဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၀ ရက်နံနက် ၈ နာရီခွဲမှ ၁၁ နာရီ ၁၀ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိနယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၆)မှ (၃၈)အထိနှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။