မောင်တောမြို့နယ်၌ လူတစ်ဦးဓားဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ လူတစ်ဦးဓားဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိ

မောင်တော အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တုံးချောင်းရွာအနီး၌ အောက်တိုဘာ၈ ရက် ည ၁၀ နာရီခန့်က လူတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်းသိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် မောင်လှိုင်မြင့်အောင် အောင်ဇံကျေးရွာမောင်တောမြို့နယ် နေထိုင်သူဖြစ်ပြီး အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီခန့်တွင် အောင်ဇံကျေးရွာမှ ခမောင်းဆိပ်သို့ ဈေးဝယ်ရန်ထွက်ခွာသွားပြီးနောက် ညနေ ၅ နာရီထိ နေအိမ်သို့ ပြန်ရောက်ရှိလာခြင်းမရှိ၍ ဖခင်ဖြစ်သူဦးဖြူမောင်က ခမောင်းဆိပ်ကျေးရွာရှိ ဦးမောင်ဘစိန်ထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မောင်လှိုင်မြင့်အောင်သည် ညနေ ၄ နာရီခွဲခန့်တွင် နေအိမ်သို့ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

ဖခင်ဖြစ်သူ ဦးဖြူမောင်က ကျေးရွာအတွင်းရှိ လူ ၂၀ ခန့်နှင့် လိုက်လံရှာဖွေရာ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် တုံးချောင်းရွာ စာသင်ကျောင်းအရှေ့မြောက်ဘက် ကိုက် ၁၀၀ ခန့်အကွာတွင် မောင်လှိုင်မြင့်အောင်အားဝဲဘက်လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်ဘက် ပြတ်ရှဒဏ်ရာနှစ်ချက်ဖြင့် ဘေးတစ်စောင်းအနေအထားဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်းသိရသည်။