မောင်တောမြို့၌ ဘာသာပေါင်းစုံအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Printer-friendly versionSend by email

မောင်တောမြို့၌ ဘာသာပေါင်းစုံအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မောင်တော အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဘာသာပေါင်းစုံအမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်နှင့်၁၀ ရက်တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံကာကွယ်ရေးဝန်ကြီးဟောင်း Mr.Roelof Meyerနှင့် အဖွဲ့ဝင်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးမှ ဘာသာပေါင်းစုံအမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် အကြံပေးအဖွဲ့သည် မောင်တောမြို့ရှိ ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားလျက်ရှိသော မောင်တောမြို့ သားငါးဈေးကို လှည့်လည်ကြည့်ရှုခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ပန်းတောပြင်ရွာ၊ အောင်ဗလရွာတို့တွင် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်စေရေးအတွက် ကိုယ်စားလှယ်များက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။