တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့နေရပ်စွန့်ခွာသူ မိသားစုငါးဦး ပြန်လည်ဝင်ရောက်လာ

Printer-friendly versionSend by email

တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့နေရပ်စွန့်ခွာသူ မိသားစုငါးဦး ပြန်လည်ဝင်ရောက်လာ

 

တောင်ပြိုလက်ဝဲ အောက်တိုဘာ ၁၀

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ နှစ်နိုင်ငံချစ်ကြည်ရေး တံတားအနီးမှမောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာအုပ်စု အလယ်ရွာနေ အိမ်ထောင်စုအမှတ်(၁၂၂)တွင် နေထိုင်ကြသည့် အိမ်ထောင်ဦးစီး မူဟာမတ်အီနူ(ဘ) နူရဲဟူဆိန် အသက် ၄၃ နှစ်၊ ယိုနာလိုင်လာ (ဘ)ဦးလှအောင် အသက် ၄၃နှစ်၊ လိုက်လာဘေဂွင် (ဘ) မာမတ်ဟူဆိန် အသက် ၆၅ နှစ်၊ မာမတ်ဆူရာ(ဘ)မူဟာမတ်အီနူ အသက် ၁၆ နှစ်နှင့်မူဟာမတ်ရာယတ်(ဘ) မူဟာမတ်အီနူ အသက် ၁၂ နှစ်မိသားစု ငါးဦးတို့သည် ယနေ့နံနက် ၈ နာရီခန့်က ပြန်လည်ဝင်ရောက်လာကြသည်။                           

ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် မိသားစုငါးဦးအား တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းခေါင်းဆောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် ဦးစီးအဖွဲ့က ပြန်လည်လက်ခံစစ်ဆေးရေးရုံးတွင် စိစစ်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးe-IDမှတ်တမ်းတင်လုပ်ငန်းများကိုဆောင်ရွက်ကာ NVC ကတ်များနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊မဟုတ် အဆုံးအဖြတ်ခံ ယူရန် လျှောက်ထားသူအတွက်လျှောက်လွှာပုံစံများကို ပြန်လည်လက်ခံရေးအတွက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖွဲ့က တစ်ဦးချင်းထုတ်ပေးခဲ့ကြသည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူများအား ကူးစက်ရောဂါ ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှုကို စိစစ်ဆောင်ရွက်ပြီး လိုအပ်သည့်ဆေးဝါးများ ပေးအပ်ကာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအားတောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှမောင်တောမြို့နယ် လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းသို့ စနစ်တစ်ကျ လွှဲပြောင်းပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။