မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်း ဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်း ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၁၀

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်းမှ Subedar Md. Salim Miahဦးစီးသည့် တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ မှ ၁၁ နာရီအထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်းနယ်နိမိတ် မှတ်တိုင် ၄၃ မှ ၄၄ ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ နံနက် ၁၀ နာရီတွင် မောင်တောမြို့အမှတ်(၄)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များသည်ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ်အမှတ် ၀၀၃ နှင့် ၀၀၅ နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂) BGB တပ်ရင်းမှ Naib Subedar Md. Humayunkubirဦးစီးသည့် တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့်လည်းကောင်း ကညင်ချောင်း၀ထိပ် နတ်မြစ်အလယ်ရှိနှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၅)၌ တွေ့ဆုံပြီးရေယာဉ်လေးစင်းဖြင့် နတ်မြစ်ကြောင်းအတိုင်း ကင်းလှည့်ခဲ့ရာ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် မင်္ဂလာကြီး ချောင်း၀ရေမိုင်ရှစ်အထိ နှစ်ဖက်ညှိနှိုင်းကင်းလှည့်ခဲ့ကြောင်း သိရသည်။