တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာသူတစ်ဦး ပြန်လည်ဝင်ရောက်လာ

Printer-friendly versionSend by email

တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာသူတစ်ဦး ပြန်လည်ဝင်ရောက်လာ

 

တောင်ပြိုလက်ဝဲ အောက်တိုဘာ ၉

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီးမှ ယခင်နေထိုင်သည့် တောင်ပြိုလက်ဝဲမြို့ ရေတွင်းပြင်ကျေးရွာ အုပ်စုတောင်ရွာနေ အိမ်ထောင်စု အမှတ်(၂၀၇)မှ မာမွတ်ရာကီအူလ္လာ အသက် ၃၉ နှစ် (ဘ)နော်တူ မှတ်ပုံတင်အမှတ်(ယ) ၁၀၈၃၉၉ သည် ယနေ့ညနေ ၃ နာရီခွဲကျော်က ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသူအား တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းခေါင်းဆောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးစိုးထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင် ဦးစီးအဖွဲ့က ပြန်လည်လက်ခံစစ်ဆေးရေးရုံးတွင်စိစစ်လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး NV ကတ်ကို ထုတ်ပေးခဲ့ကြသည်။

ထို့နောက် ဝင်ရောက်လာသူအား ကူးစက်ရောဂါ ရှိ၊ မရှိ စိစစ်ဆောင်ရွက်ပြီးလိုအပ်သည့် ဆေးဝါးများပေးအပ်ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းတွင် ညအိပ်ရပ်နားစေပြီး နောက်တစ်နေ့တွင် မောင်တောမြို့နယ် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။