မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၉

မောင်တောမြို့နယ် နယ်မြေ(၃) တောင်ပြို(ယာ)နယ်မြေရဲစခန်းမှ ရဲအုပ် မြတ်ဇော်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် Tumbru ကင်းစခန်းမှ Naib Subedar Md. Mojibur Rahman ဦးစီးတပ်ဖွဲ့ဝင်များနှင့် လမ်းပြတို့သည်အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီခွဲမှ ၁၂ နာရီ မိနစ် ၂၀ အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၄)နှင့် (၃၆)တို့၌ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။