တောင်ပြိုလက်ဝဲမြို့သို့ မြေပြင်သတင်းအချက်အလက်များရယူရန် အမေရိကန်နိုင်ငံသားနှင့်အဖွဲ့ သတင်းများရယူ

Printer-friendly versionSend by email

တောင်ပြိုလက်ဝဲမြို့သို့ မြေပြင်သတင်းအချက်အလက်များရယူရန် အမေရိကန်နိုင်ငံသားနှင့်အဖွဲ့ သတင်းများရယူ

 

တောင်ပြိုလက်ဝဲ အောက်တိုဘာ ၇

အမေရိကန်နိုင်ငံသား Mr. Heizman Richard Chariesနှင့်အဖွဲ့သည်မြေပြင်သတင်းများရယူရန် ယနေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံသာတောင် ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိသတင်းရယူကြသည်။

အဆိုပါအဖွဲ့သည် အကြမ်းဖက်ဖြစ်စဉ်အတွင်း ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ဆောင်များနှင့် အခြားအဆောက်အအုံများ၊ မီးရှို့ဖျက်ဆီးခံရသည့်ကျေးရွာအိမ်ခြေ မြေနေရာများကို မှတ်တမ်းတင်ရိုက်ကူးခြင်း၊ တိုင်းရင်းသားဒေသခံပြည်သူများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ကြပြီး ညနေ ၃ နာရီခွဲတွင် ယင်းကျေးရွာမှမော်တော်ယာဉ်များ ဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။

ဆက်လက်၍ Mr. Heizman Richard Chariesနှင့် အဖွဲ့သည် မောင်တောမြို့နယ် မင်းကြီးကျေးရွာနှင့် တူလာတူရီကျေးရွာများ၌ သတင်းများရယူသွားမည်ဖြစ်ကြောင်း သိရသည်။